ငါ့ဆန္ဒ

ငါ့ဆန္ဒ


နင်ငါ့ကို ထားခဲ့တဲ့တစ်နေ့ကပေါ့

နွေလယ်ခေါင်လောက် မပူပြင်းပေမဲ့

နေဆယ်စင်း ရင်မှာထွက်ခဲ့တယ်..


အငိုမျက်လုံး အပြုံးမျက်နှာ

ကြားခဲ့ဖူးတဲ့ ဒဏ္ဍရီစာသား

ငါ့အတွက် ရည်စူးခဲ့လေသလား ချစ်သူ...


နာကျင်ခြင်းတွေ သိုဝှက်

ငါဟန်ဆောင်ပြုံးတတ်ခဲ့ပြီး

ဘယ်အရာတွေက

ပျက်ရယ်ပြုစေခဲ့တာလဲ ချစ်သူ

နှလုံးသားနဲ့ရင်း အရှုံးသမားဘဝက

ငါပါ......


လှောင်ရယ်သံတွေကြား ငါအခါခါဒူးထောက်

နင်သိမှသိခဲ့ရဲ့လား.....ချစ်သူ


ကိုယ်တိုင်ကျေကျေနပ်နပ်မွှေးခဲ့တဲ့ ဒီမီး

ငါ့ကိုတမြည့်မြည့် လောင်ကျွမ်းလို့

အပြုံးပျက်ခဲ့ရင်တောင် နင်နာကျင်မှာစိုးတဲ့သူပါ....


ဖြေရှင်းချက်မရှိတဲ့ နင့်နှလုံးသား

ဘာသားနဲ့ ထုဆစ်ထားခဲ့လဲချစ်သူ

အခုချိန်.........

ငါသာအရုပ် တစ်ရုပ်ဖြစ်ခဲ့ရင်

ကစားတတ်ခဲ့တဲ့ နင့်လက်ကို

ငါ............ရိုက်ချိုးမိမှာ

အမှန်တစ်ကယ်ပါ။

0 comments:

Post a Comment