အဆွေကော.. အမျိုးမချစ်တတ်ပါလား

ရခိုင်ပြည်မှာ......မွေးလို့
ရခိုင်မြေကိုချစ်တာ........အော်အဆန်းလား။။

ရခိုင်ရေကို.......သောက်လို့
ရခိုင်သွေးပါတာ...........အော်အဆန်းလား။။။

ရခိုင်ငါးကို.......စားလို့
ရခိုင်သား "အား" ဖြစ်တာ.... အဆန်းမဟုတ်ပါ။။

ရခိုင်စကားကို...ပြောလို့
ရခိုင်သားဖြစ်တာ........ အဆန်းမဟုတ်ပါလေ။။

ရခိုင်ရိုးရာကို မြတ်နိုးလို့ဘဲ.... ရခိုင်ပီသတာပေါ့
ရခိုင်တန်ဖိုးမြင့်စေချင်တာ....... မဆန်းပါဘူး။။။။

ရခိုင်သူလည်း...... လူထဲကလူဘဲလေ
ရခိုင်လူမျိုးမပျောက်စေချင်တာ.....အဆန်းတော့ မဟုတ်ပါဘူး။။

ရခိုင်ဖြစ်လို့ ရခိုင်အကြောင်းရေးတာ
ရခိုင်ဖြစ်လို့ ရခိုင်အကြောင်းပြောတာ
ရခိုင်ဖြစ်လို့ ရခိုင်သားနဲ့ရခိုင်သမကို အားပီးတာ
ကျွန်မကို "အင်တာနယ်ရှင်နယ် ရာဇ၀တ်သား" လို့
အသင် အယူအဆ တမျိုးနဲ့ ရှုံ့ချမယ်ဆိုရင်..
ကျွန်မလည်း တခေါက်ပြန်မေးချင်ပါတယ်
အဆေကော...."အမျိုးမချစ်တတ်ဘူးလား"။။။
ရွှေခိုင်သူ
၂၉.၁၁.၂၀၁၀

ရယ်သံမဲ့ ည

Write by နှင်းအိပ်မက်
ရယ်သံမဲ့ ည


လမ်းခွဲများနဲ့ လူ့ဘ၀ရဲ့ လမ်းမကြီးမှာ

ရွေးခဲ့မိတဲ့ အတိတ်လမ်းကိုလည်း

နှောင်မတွယ်ရစ်လိုဘူး…

အနာဂတ်အတွက်လည်း စိုးရိမ်စွာ

မမျှော်မှန်းလိုဘူး …

ဝေဒနာတွေလည်း မကြော်ငြာလိုပါဘူး

ရင်ထဲက အရှိတရားတွေ ပွင့်အန်လို့မရတော့ရင်

ရေငုံကာနှုတ်ပိတ်လို့ တိတ်ဆိတ်စွာနဲ့

ရိုးရှင်းစွာပဲ ဖြတ်သန်းမယ်။


နာကျဉ်စွာလဲကျလို့ ဆုံးရှုံးခြင်းတွေကြုံရတဲ့အခါ

ပျော်ရွှင်မှုဆိုတာလဲ အစရှာမရခဲ့ဘူး

ဝမ်းနည်းမှုတွေနဲ့ လဲပြိုချိန်မှာ

စာနာမှုတွေနဲ့အတူ ကြင်နာစွာ ဖေးမသူတွေတော့

ရှိနိုင်ပေမယ့် …

စိတ်ခွန်အားတွေတိုးဖို့ တည်ငြိမ်မှုဆိုတာလဲ လိုမယ်။

 
လမ်းလျှောက်သင်ရင်း ခြေတစ်ဖက်ချော်လဲကျတဲ့ခါ

ဘ၀ရဲ့ မတူညီမှုတွေကြားက လှောင်ရယ်သံတွေကြားတယ်

ဥပေက္ခာတရားတွေ ထမ်းပိုးရင်း …

လှောင်ရယ်သံတွေ ကျောခိုင်း တိတ်ဆိတ်တဲ့ညတွေပဲ

ဖြတ်သန်းတော့မယ် ...။

Noteworthy Notes!

သိပီးသားလူတွေ အတွက်တော့ မရည်ရွယ်ပါဘူး မသိသေးတဲ့လူတွေတွက် ရည်ရွယ်ပီး တင်လိုက်တာမို့ သိထားပီးသားလူများ Sorry ပါလို့ .. 


သုည

 

 

Noteworthy Notes!


ဘယ်နေရာမှာ ဘယ်စကားလုံးကို ဘယ်လိုသုံးမလဲ



Above / Over


~ Above and over can both be used to describe a position higher than something: Above နှင့် over- နှစ်မျိုးလုံးကို ပိုမြင့်တဲ့ အနေထားတစ်ခုကို ဖော်ပြဖို့ သုံးနိုင်ပါတယ်။
Eg. They built a new room above / over the garage. သူတို့ ကားဂိုဒေါင်ပေါ်မှာ အခန်းသစ်တစ်ခု ဆောက်လိုက်တယ်။


~ When you are talking about movement from one side of something to the other, you can only use over: တစ်ဘက်မှ အခြားတစ်ဘက်သို့ ဖြတ်ကူးတဲ့ လှုပ်ရှားမှုကို ပြောတဲ့အခါမှာတော့ Over - ကိုသာ သုံးနိုင်ပါတယ်။
Eg. They jumped over the stream. သူတို့ စမ်းချောင်းကို ခုန်ကူးသွားကြတယ်။


~ Over can also mean ‘covering’: Over - ဟာ လွှမ်းခြုံခြင်း အဓိပ္ပာယ်လည်း သက်ရောက်နိုင်ပါတယ်။
Eg. He put a blanket over the sleeping child. အိပ်နေတဲ့ ကလေးအပေါ်မှာ သူစောင်တစ်ထည် ခြုံပေးလိုက်တယ်။


~ Above and over can also mean ‘more than’. Above နှင့် Over- တို့ဟာ …ထက်ပို(ကျော်)တဲ့ အဓိပ္ပာယ်လည်း သက်ရောက်နိုင်ပါတယ်။


~ Above is used in relation to a minimum level or a fixed point: အနိမ့်ဆုံးအဆင့် (သို့) မူသေသတ်မှတ်ချက်တစ်ခုနဲ့ ပတ်သက်တဲ့နေရာမှာ Above- ကို သုံးတယ်။
Eg. 2000 feet above sea level= ပင်လယ်ရေမျက်နှာပြင်ထက် အမြင့်ပေ ၂၀၀၀-(မှာ)
-Temperatures will not rise above zero tonight. ဒီညတော့ အပူချိန်(တွေ)ဟာ သုညအထက် တက်လာမှာမဟုတ်ဘူး။


~ Over is used with numbers, ages, money and time: ဂဏန်းသင်္ချာ၊ အသက်၊ ငွေကြေး၊ အချိန်တွေနဲ့ ပတ်သက်လျှင် Over- ကိုသုံးတယ်။
Eg. He’s over 50. သူ အသက် ငါးဆယ်ကျော်ပြီ။
-It costs over £100. ဒါ စတာလင်ပေါင် ၁၀၀- ကျော်ကျတယ်။
-We waited over 2 hours. တို့ ၂- နာရီကျော်ကျော် စောင့်ခဲ့တယ်။




Synonyms

Action

Move / Act / Gesture / Deed / Feat
~ These are all words for a thing that sb does.

~ Action a thing that sb does:
Eg. Her quick action saved the child's life.


~ Move (used especially in journalism) an action that you do or need to do to achieve sth:
Eg. They are waiting for the results of the opinion polls before deciding their next move.


~ Act a thing that sb does:
Eg. An act of kindness



Action or Act?
~ These two words have the same meaning but are used in different patterns.


~ An act is usually followed by of and/or used with an adjective.


~ Action is not usually used with of but is often used with his, her, etc.:
Eg. A heroic act of bravery (Not,a heroic action of bravery)
-His heroic actions / acts during the war


~ Action often combines with take but act does not: (Not, We shall take whatever acts are necessary.)


~ Gesture a thing that you do or say to show a particular feeling or intention:
Eg. They sent some flowers as a gesture of sympathy.


~ Deed (formal literary) a thing that sb does that is usually very good or very bad:
Eg. Heroic / evil deeds


~ Feat (approving) an action or piece of work that needs skill, strength or courage:
Eg. The tunnel is a brilliant feat of engineering.


~ A(n) act / gesture / feat of sth



~ To perform a(n) action / act / deed / feat


~ To make a move / gesture


~ A heroic / brave / daring action / move / act / gesture / deed / feat


~ A kind / charitable / generous action / act / gesture / deed


~ A(n) evil / terrible action / act / deed




စကားပရိယာယ်များ

Action


Move / Act / Gesture / Deed / Feat
~ These are all words for a thing that sb does.
ဒါတွေအားလုံးဟာ တစ်ဦးတစ်ယောက်ရဲ့ လှုပ်ရှားလုပ်ဆောင်မှုတစ်ခုခုကို ဖော်ညွှန်းတဲ့ ဝေါဟာရတွေဖြစ်ပါတယ်။


~ Action a thing that sb does: Action- ဆိုတာ တစ်ဦးတစ်ယောက်ရဲ့ အပြုအမူ၊ လုပ်ဆောင်မှုတစ်ခုဖြစ်ပါတယ်။
Eg. Her quick action saved the child's life. ဒီကလေးရဲ့ အသက်ကို သူမရဲ့ သွက်လက်တဲ့ လှုပ်ရှားမှုက ကယ်လိုက်တာပါ။


~ Move (used especially in journalism) an action that you do or need to do to achieve sth: Move (အထူးသဖြင့် သတင်းစာ၊ စာနယ်ဇင်းတို့တွင် သုံး)- ဆိုတာ လုပ်ရသော (သို့) အောင်မြင်မှုတစ်ခုခုရရန် လုပ်ဖို့လိုအပ်သော အလုပ်တစ်ခု ဖြစ်ပါတယ်။
Eg. They are waiting for the results of the opinion polls before deciding their next move. သူတို့ရဲ့ နောက်လှုပ်ရှားလုပ်ဆောင်မှုတစ်ခု
ကို မဆုံးဖြတ်ခင် သူတို့ဟာ လူထုသဘောထား စစ်တမ်းနမူနာကောက်ယူမှု ရလဒ်တွေကို စောင့်နေကြတယ်။


~ Act a thing that sb does: Act- ဆိုတာ တစ်ဦးတစ်ယောက်ရဲ့ အပြုအမူ၊လုပ်ဆောင်မှုတစ်ခုဖြစ်ပါတယ်။
-An act of kindness = ကြင်နာတဲ့အပြုအမူတစ်ခု


Action or Act?
~ These two words have the same meaning but are used in different patterns. ဒီဝေါဟာရနှစ်ခုက အဓိပ္ပာယ်တူပါတယ်၊ ဒါပေမဲ့ သုံးတဲ့ပုံစံမှာတော့ ကွဲတယ်။


~ An act is usually followed by of and/or used with an adjective. Act- ရဲ့နောက်က Of- လိုက်လေ့ရှိပါတယ် (သို့) သူကို Adj- နဲ့တွဲ့သုံးလေ့ရှိပါတယ်။
-An act of kindness / [an act of sheer obstinacy / an act of genuine humility
/a gracious act of God
- A magic act / a callous act / an immoral act]


~ Action is not usually used with of but is often used with his, her, etc.: များသောအားဖြင့် Action- ကို Of- နဲ့သုံးလေ့မရှိပါ၊ ဒါပေမဲ့ His, Her စတဲ့ နာမ်စား တွေနဲ့တော့ မကြာခဏ သုံးတတ်ပါတယ်။
Eg. A heroic act of bravery = ရဲရင့် သူရဲကောင်းဆန်တဲ့ လုပ်ရပ်
(A heroic action of bravery-လို့မရေးရ)
-His heroic actions / acts during the war= စစ်အတွင်းက သူ့ရဲ့ သူရဲကောင်းဆန်(ရဲရင့်)တဲ့ လုပ်ရပ်များ


~ Action often combines with take but act does not: Action- က Take- နဲ့တွဲ့လေ့ရှိတယ်၊ ဒါပေမဲ့ Act- ကတော့ တွဲ့လေ့မရှိဘူး။
(We shall take whatever acts are necessary- လို့ရေးလေ့မရှိပါ။)


~ Gesture a thing that you do or say to show a particular feeling or intention: Gesture- ဆိုတာ ပြောတဲ့ (သို့) ထူးခြားတဲ့ ခံစားချက်(သို့) ရည်ရွယ်ချက်တစ်ခုကို ဖော်ထုတ်ပြောဆိုတဲ့ လုပ်ရပ်တစ်ခု ဖြစ်ပါတယ်။
Eg. They sent some flowers as a gesture of sympathy. သူတို့ဟာ ထပ်တူဝမ်းနည်းကြေကွဲကြောင်းဖော်ပြတဲ့အနေနဲ့ ပန်း(စည်း)များ ပေးပို့ကြတယ်။


~ Deed (formal literary) a thing that sb does that is usually very good or very bad: Deed (စာပေ အခန့်သုံး)- ဆိုတာ တစ်ဦးတစ်ယောက်ရဲ့ အလွန်ကောင်း (သို့)အလွန်ဆိုးတယ်လို့ ယေဘုယျဆိုနိုင်တဲ့ လုပ်ရပ်တစ်ခု ဖြစ်ပါတယ်။
Eg. Heroic / evil deeds = အလွန်ရဲရင့် / အလွန်ယုတ်မာဆိုးဝါးတဲ့ လုပ်ရပ်များ


~ Feat (approving) an action or piece of work that needs skill, strength or courage: Feat(နှစ်သက်သဘောကျမှုပြ)-ဆိုတာ ကျွမ်းကျင်မှု၊ အင်အား (သို့) သတ္တိတို့လိုအပ်တဲ့ အလုပ်(လုပ်ရပ်)တစ်ခု ဖြစ်ပါတယ်။
Eg. The tunnel is a brilliant feat of engineering. ဒီဥမင် လိုဏ်ခေါင်းကတော့ တကယ်ထူးခြားပြောင်မြောက်တဲ့ အင်ဂျင်နီယာ လက်ရာပါပဲ။


~ A(n) act / gesture / feat of sth
Eg. An act of kindness / a gesture of defiance, a gesture of goodwill /
a remarkable feat of strength


~ To perform a(n) action / act / deed / feat = အလုပ်၊ စွမ်းဆောင်ချက်တစ်ခုခုကို လုပ်သည်။


~ To make a move / gesture =တစ်ခုခု လှုပ်ရှားဆောင်ရွက်သည်/ လက်ဟန်ခြေဟန်ပြသည်။


~ A heroic / brave / daring action / move / act / gesture / deed / feat= သူရဲကောင်းဆန် / ရဲစွမ်းသတ္တိရှိ၊ ရဲဝံ့စွန့်စားသော လုပ်ရပ်၊ စွမ်းဆောင်ချက်တစ်ခု


~ A kind / charitable / generous action / act / gesture / deed= ကြင်နာ၊ ရက်ရော၊ သဘောထားကြီးသော အပြုအမူ၊ လုပ်ရပ်တစ်ခု


~ A(n) evil / terrible action / act / deed= အလွန်ဆိုးဝါးယုတ်မာ၊ ကြောက်မက်ဖွယ်ကောင်းသော အပြုအမူ၊ လုပ်ရပ်တစ်ခု


With Metta,
A Shin Manita

ကုလားထိုင်တစ်လုံးသာရွေးထိုင်ပါ

အီတာလျံလူမျိုး နာမည်ကြီး အဆိုကျော် လူစီယာနို ပါဗရော့တီ (Luciano Pavarotti) ၏ ဖခင်သည် မုန့်ဖုတ်မား တစ်ယောက် ဖြစ်သည်. . .သို့သော် ဂီတဘက်တွင် အလွန်ထက်သန်သည်. . . သူ့သားကို အောင်မြင်သော ဂီတပညာရှင်တစ်ဦး ဖြစ်စေလိုသော ဆန္ဒရှိသည်. . . ထို့ကြောင့်ငယ်ရွယ်စဉ်မှာပင် တေးဂီတာ အနုရသများနှင့် ကျွမ်းဝင်အောင် လေ့ကျင့်ပျိုးထောင် ပေးခဲ့သည်. . . ဖခင်၏ ပဲ့ကိုင်လမ်းညွှန်မှု၊ မိမိကိုယ်တိုင် ထက်သန်တက်ကြွစွာ အားထုတ်မှုတို့ ကြောင့် ပါဗရော့တီသည် ကမ္ဘာသိ အဆိုတော် တစ်ဦးဖြစ်ခဲ့သည်. . . .
အောင်မြင်ခဲ့သော သူ့ဘ၀နှင့် ဆက်စပ်၍ ပါဗရော့တီက ဤသို့ သုံးသပ်ပြောဆိုခဲ့သည်. . .
"အဖေက ကျွန်တော့ကို အသံအားကောင်းအောင် တအားလေ့ကျင့်ခိုင်းတာပါ၊ အီတလီက ကျွန်တော်တို့ဇာတ်မြို့ မိုဒေနာမှာ အာရီဂိုပိုလာဆိုတဲ့ အဆိုသင် ဆရာတစ်ယောက်ရှိတယ် . . . ကျွန်တော့်လိုညာသံပဲ. . . သူက ကျွန်တော့ကို တပည့်အဖြစ် လက်ခံပြီး သင်ကြားပေးတယ်. . အဲဒီလို တေးဂီတ လိုက်စားရင်းနဲ့ ဆရာ အတတ်သင် ကောလိပ်လဲ ကျွန်တော် တစ်ဖက်က တက်လိုက်သေးတယ်ဗျ. . . ကျောင်းဆင်းတော့ အဖေ့ကိုကျွန်တော်မေးတယ် . အဖေကျွန်တော်ကျောင်းဆရာ လုပ်ရမလား. . . အဆိုတော် လုပ်ရမလား" ဆိုတော့ အဖေက ပြောတယ်
"လူစီယာနိုတဲ့. . မင်းကုလားထိုင်နှစ်လု့း ထိုင်ဖို့ကြိုးစားရင် အဲဒီကုလားထိုင်နှစ်ခုကြားထဲ လိမ့်ကျမှာပဲ. . . . မင်းဘ၀အတွက် ကုလားထိုင်တစ်လုံးပဲရွေးရလိမ့်မယ်. . . ." တဲ့
"အဖေပြောတဲ့ အတိုင်း ကျွန်တော် တစ်လုံးပဲ ရွေးလိုက်ပါတယ်. . . အဲဒီနောက်မှာ ပညာသည် အဆင့်နဲ့ စင်ပေါ်တက်ခွင့်ရဖို့ခုနှစ်နှစ်တိတိ လေ့လာသင်ကြားရတယ်. . . စိတ်ညစ်စရာ စိတ်ဓာတ်ကျစရာတွေလည်း အများကြီး ကြုံရတယ်.. .
ခုတော့ ကျွန်တော် သဘောပေါက်ပါတယ် . . . အုတ်စီတဲ့ အလုပ်ပဲဖြစ်ဖြစ်၊ စာရေးတဲ့ အလုပ်ဖြစ်ဖြစ် ၊ ကျွန်တော်တို့ဘ၀ အတွက် ဘယ်အလုပ်ကို ရွေးချယ်ခဲ့သည်ဖြစ်စေ. . . အဲဒီအလုပ်ထဲကို ကျွန်တော်တို့ ဘ၀တစ်ခုလုံး ထည့်ပေးနိုင်ဖို့လိုတယ်. . . . ကိုယ်ရွေးတဲ့အလုပ်ထဲမှာ ကိုယ့်ဘ၀ကို မြုပ်နှံနိုင်မှ အဲဒီအလုပ်မှာ အောင်မြင်တယ် . . . ဒါအောင်မြင်မှုအတွက် အဓိကသော့ချက်ပဲ . . . အဲဒီတော့ ကြိုက်တဲ့ ကုလားထိုင်တစ်လုံး ကို ခင်ဗျားရွေး၊ ပြီးတော့ အဲဒီမှာ ပြတ်ပြတ်သားသား ထိုင်ဗျ. . . . "

ဖေမြင့် (Choose One Chair)
ပန်းကဗျာ

တစ်ဖက်သားကို အရမ်းအထင်သေးမထားပါနှင့်

အဲသည်တုန်းက ငွေတန်ဖိုးရှိလှသည်. . . .
သီးစုံအိုက်စကရင် တစ်ခွက်ပင် ဘယ်လောက်မှ များများစားစား မပေးရသည့်ကာလ. . .
၁၀နှစ်အရွယ် ကောင်လေးတစ်ယောက်ကို ဟော်တယ်ကော်ဖီခန်းထဲဝင်ကာ စားပွဲတစ်လုံးမှာ ထိုင်သည်. . . စားပွဲထိုး အမျိုးသမီးတစ်ယောက် သူ့ရှေ့ရောက်လာကာ ရေတစ်ခွက်ချပေးပြီးနောက် သူဘာမှာမလဲ စောင့်ဆိုင်းနေသည်. . .

ကောင်လေးက. . "သီးစုံ အိုက်စကရင် တစ်ခွက်ဘယ်လောက်လည်း ခင်ဗျာ. . ."

"ဆင့်ငါးဆယ.်" ပါ ဟု စားပွဲထိုးကဖြေသည်. . .

ကောင်လေးက သူ့အိတ်ထဲမှာ အကြွေစေ့တွေ နှိုက်ထုတ်ကာ ရေတွက်သည်. .
ပြီးတော့ "အိုက်စကရင် ရိုးရိုး တစ်ခွက် ဆိုရင်ကောဗျာ . . . . "ဟုမေးသည်. .

ထိုင်စရာမရသေးသည့် ဧည့်သည်တချို့လည်း ရှိနေတော့ စားပွဲထိုး အမျိုးသမီးသိပ်စိတ်မရှည်ချင်. .
"သုံးဆယ့်ငါးဆင့်. . . " ဟု တိုတိုပြတ်ပြတ် ဖြေသည်. . .

ကောင်လေးက သူ့ပိုက်ဆံပြားတွေ ရေတွက်ပြန်သည်. .. ထို့နောက် " အိုက်စကရင် ရိုးရိုးတစ်ခွက်ပဲ ပေးပါခင်ဗျာ. . . . " ဟု ဆိုသည်. . .

အမျိုးသမီးသည် အိုက်စကရင်ယူလာသည်. . ဘီလ်စာရွက်ကိုပါ တစ်ပါတည်း စားပွဲပေါ်တင်ပေးခဲ့ပြီး လှည့်ထွက်သွားသည်. . .

ကောင်လေး အိုက်စကရင် ကိုစားပြီးနောက် ကောင်တာမှာ ငွေသွားရှင်းသည်. . ပြီးထွက်ခွာသွားသည်. . .
စားပွဲထိုးအမျိုးသမီး ကောင်လေးထိုင်သည့် စားပွဲဆီပြန်လာပြီး ခုံကိုသုတ်လိုက်သည့်အခါ မြင်လိုက်ရသော အရာကြောင့် သူ့ရင်ထဲ လှိုက်ခနဲဖြစ်သွားသည်.

ကောင်လေး စားသွားသည့် အိုက်စကရင်ခွက်နံဘေးတွင် ငါးဆင့်စေ့နှစ်စေ့နှင့် တစ်ဆင့်စေ့ငါးစေံ ညီညီညာညာလေး ပုံ ၍ထားသည်. . .

သူမအတွက် တစ်(ပ)(စ်) ပေးထားခဲ့ခြင်းပင်. . ....

ဖေမြင့်
(The Best of Bits & Piecces မှ Two Nickels and Five Pennies)
ပန်းကဗျာ