ငါ့ဆန္ဒ

ငါ့ဆန္ဒ


နင်ငါ့ကို ထားခဲ့တဲ့တစ်နေ့ကပေါ့

နွေလယ်ခေါင်လောက် မပူပြင်းပေမဲ့

နေဆယ်စင်း ရင်မှာထွက်ခဲ့တယ်..


အငိုမျက်လုံး အပြုံးမျက်နှာ

ကြားခဲ့ဖူးတဲ့ ဒဏ္ဍရီစာသား

ငါ့အတွက် ရည်စူးခဲ့လေသလား ချစ်သူ...


နာကျင်ခြင်းတွေ သိုဝှက်

ငါဟန်ဆောင်ပြုံးတတ်ခဲ့ပြီး

ဘယ်အရာတွေက

ပျက်ရယ်ပြုစေခဲ့တာလဲ ချစ်သူ

နှလုံးသားနဲ့ရင်း အရှုံးသမားဘဝက

ငါပါ......


လှောင်ရယ်သံတွေကြား ငါအခါခါဒူးထောက်

နင်သိမှသိခဲ့ရဲ့လား.....ချစ်သူ


ကိုယ်တိုင်ကျေကျေနပ်နပ်မွှေးခဲ့တဲ့ ဒီမီး

ငါ့ကိုတမြည့်မြည့် လောင်ကျွမ်းလို့

အပြုံးပျက်ခဲ့ရင်တောင် နင်နာကျင်မှာစိုးတဲ့သူပါ....


ဖြေရှင်းချက်မရှိတဲ့ နင့်နှလုံးသား

ဘာသားနဲ့ ထုဆစ်ထားခဲ့လဲချစ်သူ

အခုချိန်.........

ငါသာအရုပ် တစ်ရုပ်ဖြစ်ခဲ့ရင်

ကစားတတ်ခဲ့တဲ့ နင့်လက်ကို

ငါ............ရိုက်ချိုးမိမှာ

အမှန်တစ်ကယ်ပါ။

ဗေဒင် ကြည့်ရအောင်

သူငယ်ချင်း
မင်းဘ၀အတွက်ဖူးစာရှင်ရှာကြည်.ရအောင်။
ပထမအဆင်.
''က''ကနေ ''အ'' အထိသည် ၁မှ၃၃အထိဖြစ် သည်။
မင်းနာမည်ကိုပေါင်းပါ။
eg. လှလှ=28+28(လ=၂၈)=56

ဒုတိယအဆင်.
ပေါင်းလဒ်ကို၉ဂဏန်းနှင်.စားပါ။
eg. 56/9=2
ရလာသောအကြွင်းနှင်.မင်းရဲ.ဖူးစာရှင်ကိုသိနိုင်ပြီပေါ.။

တတိယအဆင်.
သုည=မင်းအရမ်းလေးစားသူ။
တစ်=မင်းနဲ.အသက်ကွာသူ။
နှစ်=မင်းအရမ်းချစ်ရသူ။
သုံး=မင်းအတွက်အေ၇းပါသူ။
လေး=မင်းကိုအမြဲတမ်းအလျှော.ပေးနေတတ်သူ။
ငါး=မင်းရဲ.အဝေးတစ်နေရာကသူ။
ခြောက်=မင်းရဲ.ပထမဆုံးသူငယ်ချင်းဖြစ်ခဲ.သူ။
ခုနှစ်=မင်းမထင်ထားတဲ.သူ။
ရှစ်=မင်းရဲ.အိပ်မက်တိုင်းမှာရှိနေသူ။
မင်းတို.ရဲ့ဖူးစာရှင်ကိုဒီအကြွင်းလေးတွေအတိုင်းဖြစ်စေချင်တယ်ဆိုရင်၁၅စောင်အတိအကျကိုမြန်မြန်လေးဝေပေးလိုက်ပါ။

(က-၁) (ခ-၂) (ဂ-၃) (ဃ-၄) (င-၅) အားလုံးပဲ
(စ-၆) (ဆ-၇) (ဇ-ဂ) (စ်-၉) (ည-၁၀) ကိုယ္ခ်စ္တဲ့သူနဲ ့
(ဋ-၁၁) (ဌ-၁၂ ) (ဍ-၁၃) (ဎ-၁၄) (ဏ-၁၅) ပျော်ရွှင်စွာ
(တ-၁၆) (ထ-၁၇) (ဒ-၁၈) (ဓ-၁၉) (န-၂၀) တစ်သက်လုံး
(ပ-၂၁) (ဖ-၂၂) (ဗ-၂၃) (ဘ-၂၄) (မ-၂၅) ပေါင်းသင်း
(ယ-၂၆) (ရ-၂ရ) (လ-၂၈) (၀-၂၉) (သ-၃၀) နေနိုင်ကြပါစေ
(ဟ-၃၁)
(ဠ-၃၂) (အ-၃၃)

စိုင်းစိုင်းခမ်းလှိုင် ဖေဖော်ဝါရီမှတ်တမ်း

စိုင်းစိုင်းခမ်းလှိုင် ဖေဖော်ဝါရီမှတ်တမ်း

၁၉၉၇ ဒီဇင်ဘာလ၁ရက်ကောင်းကင်ပြာပြာကြီးရဲ့အောက်မှ
ာ အမွဲဇယားကိုစတင်ခဲ့

အဲဒီနေ့ကအပူးမထွက်ပါ………. ဒီဇင်ဘာ၈ရက်

နှလုံသားကိုဓာတ်လိုက်ပြီ တလုံးပဲလွဲသွားတယ်……………

ဧပြီ၁၀ ရက်ကျွန်တော့်မွေးဂဏန်လေးထွက်သွားတယ် အို....အို....အရူးအမူးပဲ

မေလ၂၃ ဘ၀တသက်စာချဲထိုးစားတော့မယ်လို့လေထဲတိုက်အိမ်ဆောက်ခဲ့ဘူးတာပဲပျော်မြူးခဲ့

တညလုံးမအိပ်ပဲချဲတွက်ခဲ့ တဘ၀လုံးဆိတ်သုန်းမွဲရောပဲ

ပေးလိုက်ရတာဆွဲကြိုးနဲ့ပြန်ရလိုက်တာအကြွေးဇယားပဲ

အောက်တိုဘာ၁၆ရက်ပျော်ရွှင်ရတဲ့နေ့တွေရှိသလို ထမင်းတွေလည်းငတ်ခဲ့

ပြန်ပေါက်လိုက်ပါသွားလိုက်နဲ့ အကြွေးနွံထဲနစ်ခဲ့

ဖေဖော်ဝါရီ၉ရက် ကျွန်တော့်ဘ၀ကွဲပျက် ………………………………………………………….. (ကျွန်တော့်ကိုသနားလို့တဲ့....သူတောင်းစားကငွေနှစ်ရာပေးသွားတယ် သောက်ကျိုးကိုနည်းရော......)


လက်မခံနိုင်သော အမှန်တရားများ

၁)။ဆရာဖေမြင့် စာအုပ်ထဲမှာ ဖတ်မှီတာလေး တခုကို ပြန်လည်ဝေမျှချင်လို့ ပါ ကျွန်နော်တို့  state ကျောင်းသားဘ၀မှာ အင်္ဂလိပ်စာ သင်ရိုးမှာပါတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို သုံးသပ်ပြထားတာလေးပါ မြေခွေးတစ်ကောင်က စပျစ်သီးကိုလှမ်းခူး ရာမှာ မမှီလို
့ ချဉ်ပါတယ်ဆိုပြီးလှည့်ထွက်သွားတဲ့ ဇတ်လမ်းလေးပါ။

ဇာတ်လမ်းထဲမှာပါတဲ့ ဇာတ်ကောင်ကမြေခွေးဆိုတော့ သိတဲ့အတိုင်းပေါ့ဗျာတကမ္ဘာလုံးမှာရှီနေတဲ့ လူတွေရဲ့ 

ကလေးဘ၀ မှာနားထောင်ထားတဲ့ ပုံပြင်တွေ ထဲကဗီလိန်ကြီးပေါ့ဗျာ ..။ဆရာဖေမြင့်က ဒီလို ရေးထားတယ်

စပျစ်သီးကိုချဉ်ပါတယ်ဆိုပြီးလှည့်ထွက်သွားတဲ့ မြေခွေးကို သူကတော့ထောက်ခံတယ်တဲ့ သူမမှီလိုက်တဲ့ စပျစ်သီးကိုချိုပါတယ်ဆိုပြီးတပ်မက်နေရင် သူပဲစိတ်ခံစားရမယ်လေ အဲတာကြောင့်ချဉ်ပါတယ်ဆိုပြီး သူ့ စိတ်ကို သူပိုင်းဖြတ်ပြီးလှည့်ထွက်သွားတာ မှန်ပေတယ်လို့ ထောက်ခံတယ်…။ဒါပေမဲ့နာမ်မည်ဆိုးကရှီခဲ့တဲ့
ကိုရွေ FOXမြေခွေးလေးခဗျာ(ကိုယ်တိုင်ကမမော်ကြွားလဲ နာမ်မည်ဆိုးနဲ့ ကြော်ကြားခဲ့ဆိုသလို
…ဟီး) မစားရတဲ့အမဲ သဲနဲ့  ပတ်တယ်ဆိုပြီး တော့တောင်ပြောခံလိုက်ရသေးတယ်ဗျာ….။

၂)။ချစ်သူနှစ်ယောက် စကားပြောနေတာလေး ပြန်လည်ဝေမျှလိုက်ပါတယ်ဗျာ….

ကောင်မလေး။..။ကျွန်မ ကိုချစ်လားဟင်….!

ကောင်လေး ။…။အရမ်းချစ်ပါတယ်…ချစ်ရယ်…။

ကောင်မလေး။…။ဘယ်လောက်ချင်လဲ …? ပြောပြ သိချင်တယ် တဲ့..။

ကောင်လေး။…။ချစ်လို့ ရသလောက်ချစ်ပါတယ် ချစ်ရယ်။။

ကောင်မလေး။…။ ဟင် ချစ်လို့ ရသလောက်ဆိုတော့ ဘယ်လောက်ထိလဲ ဟင်….။

ကောင်လေး ။…။ချစ်ခန္ဓာကိုယ်ကြီး မပျက်စီးသမျှကာလ ပါတ်လုံးပေါ့ ကွယ်….။

ကောင်မလေး။….။အယ်….သေနာ@./#$@$$#%@ ..နင်က ငါ့ကို အဲတာတွေ ကြည့်ပြီးချစ်တာပေါ့ ။။

ကောင်လေး။….။မဟုတ်ပါဘူး ချစ်ရယ် ငါပြောသာ နင် မပုတ်သိုး မဆွေးမြေ့သမျှ ကာလပါတ်လုံးပြောတာပါကွယ်……..။

ကောင်မလေး.။…။နင်ပြောလေ ဆိုးလေပဲ……….တောက်..နင်နဲ့ ငါပြီးပြီ ……GET OUT.

ကောင်လေး။…။အွန် ………အမှန်ပြောတာ သူပဲကြိုက်တယ် ပြောခဲ့ပြီး တော့ …………..(ဟုတ်သားနော် ဘယ်လူက ပုတ်သိုးနေတဲ့ လူကြီးကိုတော့ Kissing ပေးချင်ပါ့မလဲနော်…ဟိ)။

စိုးစိတ် .. တိတ်တိတ်..ဆိတ်..

စိုးစိတ်..တိတ်တိတ်..ဆိတ်


မောင့်မျက်နှာတော် ညှိုးမှာစိုးသည်
မယ်သာကြိတ်မှိတ် ဆိတ်ဆိတ်နေမည်
မောင့်စိတ်တော် မလန်းမှာစိုးသည်
မယ်သာဟန်ဆောင် ပြုံးပြုံးနေမည်။

တစ်ခါတစ်ရံ ထင်ယောင်မှတ်မှား
သံသယဖြင့် ကြည့်လိုက်မိသည်
ဝန်ခံပါမူ မသာမယာ ညိုမှာစိုးသည်
မောင့်ကို ချစ်အားပိုသောကြောင့်။

ရာသီစက်ခွင် တစတစခြွေသည်
တစ်ရက်မမြင် လွမ်းစိတ်သွင်က
ရူးအောင်နှိပ်စက် မှိုင်တွေငေးလျှက်
ဖွင့်ဟချင်တောင် အမှန်စကား
မောင့် အား နှောင့်ယှက်မိမှာစိုးပါသည်။

စိုးထိတ်စိတ်ပူ ရင်ဗလောင်ဆူ
ကညာ့သိက္ခာ မညှိုးကျချင်
အတ္တရှေ့များ ထားမိသလား
နွမ်းငယ် နှလုံးတမင် ပုန်းလို့
တခွန်း တစ်ခေါက်မေးစမ်းချင့်သည်
သြော်…သို့သော်..မောင်အားပြစ်တင်မိမှာစိုးပါသည်။

                                         (နီတောက်ကြယ်)
                                          ၂၈.၁.၂၀၁၀။

ခရင်းမခိုင်..အခေါင်ယိုင်

ခရင်းမခိုင်..အခေါင်ယိုင်

အဝေ..................
တက္ကသိုလ်ကျောင်းသား.........
သီအိုရီတခရား လေးနန့်စား
ငါးနှုတ်ကေ တောင် ပြောမကုန်
ဖတ်လို့လေ့မကုန် တောင်ပုံယာ အဖုံဖုံ။။။။

အဝေ...................
တက္ကသိုလ်ကျောင်းသား.........
ထိုသူရွီးရေစာအုပ် ဒေသူရွီးရေစာအုပ်
ထိုစာအုပ်ကဒေပိုင် ဒေစာအုပ်ကဒေပိုင်
ဘွတ်(ခ်)-book ထဲက စကား
စာသင်ခန်းထဲ က တရား
နှုတ်ကျက်ကျက်ဗျလ်ထားကေ
ငါလေ့ ..ပြောဖို့တတ်တေဝေ။။။

အဝေ................
တက္ကသိုလ်ကျောင်းသား
ထိုချင့်ကိုလက်ခံလား...ဒေချင့်
ကိုလက်ခံလား
မိန်းခွန်းပေါင်းများစွာ လာမမိန်းကဲ့
အချိန်ကုန်ရေ..ဆွေးနွေးပွဲရာ အဖတ်တင်ရေ
အဖြေစစ်မဟိ..ရှုထောင့်အားလုံးလက်ခံ၏
သတိ....
ideology- အိုင်ဒီယော်လော်ဂျီ
ခွီးရူးပြန်နိန်သည်။။

အဝေ...............
တက္ကသိုလ်ကျောင်းသား...........
ပြိုင်တူမကျရေ အတွီးအခေါ်
လာခြင်းကမတူစွာ
မင်းမှာဟိရေ Background
ငါ့မှာဟိရေ အက်ကြောင်း
လွန်ဆွဲနိန်လို့ အလကား
နှိုင်းယှဉ်ကြည့်ကေ မြင်ဖို့ပ။။။

အဝေ...........
တက္ကသိုလ်ကျောင်းသား............
ငါရို့ပြည်တိုးတက်ဖို့
ငါရို့ခွန်းအား..သဲတဆုပ်စာလိုနိန်ချိန်ခါ
အဂုကပင် ရသလောက်ချေ
တတ်သလောက်ချြေ
ခြီရင်းကပင် အုတ်မြစ်မချကေ
အခေါင်မိုးဖို့ အိမ်မက်
မင်းဆက်မမက်ကဲ့ဖိ.......

အဝေ...
တကသိုလ်ကျောင်းသား..........
စိတ်ကူးထုထည်ကြီးမား ရည်ရွယ်စွာကတခြား
ထိုင်ခုံရရေချိန်မှ...အမြင့်ရောက်တေချိန်မှ
လက်တွဲခေါ်ချင်ရေ..မင်းစကား
အဝေ..တကသိုလ်ကျောင်းသား....
ယင်းခါလေ.........ငါရို့လေး သီယာ..ဘား.....။။။။။။။။။
                                                                                                                     ရွှေခိုင်သူ
                                                                                                                 24-November 2010
မှတ်ချက်။ ။ ၀ီဖန်ရေး ကဗျာမဟုတ်ပါ...တိုက်တွန်းအားပီးလိုခြင်းသာဖြစ်ပါသည်။။
အသုံးအနှုန်း။ ။(အုတ်တချပ် သဲတပွင့်သည် နည်းသည်ဟုခံစားရပါသည်။။)- ယင်းတွက် (သဲတဆုပ်စာဟုသုံးပါသည်။။)

အိမ်လွမ်းသူ

အိမ်လွမ်းသူ
တိမ်တွေတွယ်ယာမဲ့စွာလွင့်နေတယ်ဆိုပြီး
ကိုယ်တိုင်လည်နေတဲ့ကမ္ဘာပေါ်မှာရပ်နေတာကိုမေ့နေသူ
နေ၀င်နေထွက်တာကိုကြည့်ပြီး
ကိုယ်ဝင်ထွက်နေတဲ့အိမ်ကိုမေ့နေသူ
ပျော်ရွှင်နေတဲ့မိသားစုကိုငေးတဲ့ငါ.
ပျော်စရာတွေနဲ့အိမ်ကိုမပြန်ဖြစ်ဘူး
အဲ့လို...အဲ့လို...အဲ့လို...တွေနဲ့
ငါဟာ...ငါဟာ..တစ်ယောက်ထဲလားဆိုပြီး
အထီးကျန်သလို ခံစားနေတဲ့ငါ..
အိမ်ပြန်ဖို့ ခြေလှမ်းတွေအတွက်
လမ်းပြပေးမဲ့သူကိုစောင့်မျှော်လျှက်..
                                             kind

ကိုယ်ပိုင် Ringtone လေးတွေ လုပ်ကြည့်ရအောင်..

MMITD မှ ပိုစ့်လေးပါ.. ကောင်းလို့ တင်ပေးလိုက်ပါတယ်..

MMITD မှ သူငယ်ချင်းများအားလုံး မင်္ဂလာပါဗျာ...
ကျွန်တော် software လေးတစ်ခု ရထားပါတယ်....
MMITD မှ admin အစ်ကိုကြီး htetzaw ပြောသလို   Software ကောင်းကောင်းလေးများ သုံးရပြီ ဆိုရင် အရင်ဆုံး ဒီ MMITD က သူငယ်ချင်းတွေကိုပဲ ပြေးပြေးမြင်နေလို့ ....ဆိုတဲ့အတိုင်း...:)
ကျွန်တော်လဲ အဲဒီလို ပြေးမြင်မိလို့ တင်ပေးလိုက်ပါတယ် :).....အဲဒါလေးကတော့ ringtone maker လေးပါ.....


♥♥♥ငါချစ်တဲ့နင့်ကို အပြစ်အနာအဆာကင်းနေရမယ်လို့ ငါမဆိုလိုခဲ့ပါဘူး....ငါတခုတည်း
တောင်းဆိုခဲ့တာပါ....နင်ချစ်တဲ့သူဟာ ငါတယောက်တည်း ဖြစ်ပါစေလို့....♥♥♥ =^__^=

အမြင့်မြတ်ဆုံး ဘ၀နေနည်း လေးမျိုး

အမြင့်မြတ်ဆုံး ဘ၀နေနည်း လေးမျိုးရှိကြောင်း ဗုဒ္ဓစာပေတွင် ဖော်ပြထားသည်၊၊ အမြတ်ဆုံး ဘ၀နေနည်း လေးမျိုးဆိုတာ--
(၁) မေတ္တာဖြင့် နေခြင်း
(၂) ကရုဏာဖြင့် နေခြင်း
(၃) မုဒိတာဖြင့် နေခြင်း
(၄) ဥပေက္ခာဖြင့် နေခြင်းတို့ ဖြစ်သည်၊၊“မေတ္တာ”အကြောင်း စာတမ်းတခုရေးဖို့ အကြံပြုထားပါသည်၊ စာဖတ်သူအားလုံးအတွက် ပါဠိစာပေ ဗဟုသုတနှင့် အကျိုးကျေးဇူးများသည့် အကြံပေးချက်ဖြစ်၍ အရှင် မေတ္တာနှင့် ဆက်စပ်သည့် ပါဠိစာပေ အထောက်အထား အချက်လက်များကို ရှာဖွေစုစည်းပြီး “မေတ္တာ စာတမ်း”ကို ရေးလိုက်ပါသည်၊၊

‘မေတ္တာ’ဟူသော ပါဠိပုဒ်ကို အဓိပ္ပါယ်များစွာ ဖွင့်ဆိုထားသည်ကို လေ့လာရပါသည်၊၊ စာဖတ်သူအတွက် အဆင်လည်းပြေ၊ အဓိပ္ပါယ်ဖွင့်ဆိုချက်အားလုံးကိုလည်း ငုံမိစေတဲ့ တစ်လုံးတည်းသော အဓိပ္ပါယ်ဖွင့်ဆိုချက်ကို အရှင် လေ့လာကြည့်သောအခါ "မေတ္တာ"ဟူသည် “အကျိုးလိုလားမှု” ဟူ၍ ဖြစ်ပါ သည်၊၊ တပါးသူ၏ အကျိုးကို လိုလားမှုကို မေတ္တာဟု ခေါ်ဆိုကြောင်း လေ့လာရပါသည်၊၊

သတိပြုရန်မှာ တခါတရံတွင် ‘အချစ်’က မေတ္တာအသွင်ဆောင်၍ လူတွေကို လှည့်စားတတ်သည်ဆိုသည့် အချက်ဖြစ်သည်၊၊ ‘အချစ်’နှင့်‘မေတ္တာ’မှာ ဘာသာစကားခြင်းမတူရုံမျှမက အဓိပ္ပါယ်လည်း များစွာ ကွာခြားကြောင်း လေ့လာရပါသည်၊၊ ဗုဒ္ဓဘာသာတွင် မေတ္တာပို့ ကျင့်စဉ်တစ်ခု ရှိပါသည်၊၊ ‘မေတ္တာ’ဆိုတာ ပို့လို့ရပါသလားဟုမေးလျင်--ရသည်ဟုဖြေဆိုရပါမည်၊၊ သို့သော် မေတ္တာပို့နည်း စနစ်ကျဖို့တော့ အထူးလိုအပ်ပါသည်၊၊

မိတ်ဆွေ ကောင်းဆိုတာ.

မိတ်ဆွေ ကောင်းဆိုတာ....

သူငယ်ချင်းတို့ေ၇...
ဒီစာလေး ဖတ်ပေးပါအုံး.... သိပ်ကောင်းတဲ့ စာလေးပါ....
ဒီစာလေးဖတ်ပြီ ဒဏ်ရာတွေများရှိနေလို့ ပျောက်ခဲ့မယ်ဆိုရင်............
..
ဒီစာလေးကို ကျေးဇူးပြုပြီ ဆုံးအောင်ဖတ်ပေးပါ..........


ဟိုးရှေးရှေးတုန်းက အင်မတန်မှ စိတ်တိုစိတ်ဆတ်တဲ့ ကောင်လေးတစ်ယောက် ရှိသတဲ့။
တစ်နေ့ကျတော့ သူ့အဖေက ကောင်လေးကို အိမ်ရိုက်သံတစ်ထုပ်ပေးလိုက်ပြီး
ပြောပါတော့တယ်။
မင်း တစ်ခါစိတ်တိုတိုင်း သံတစ်ချောင်းကို နောက်ဖေးက ၀င်းထရံတိုင်မှာ
သွားရိုက်ချေကွာတဲ့။

အဖေက အဲ့ဒီလိုပြောပြီး သံထုပ်ကိုပေးလိုက်တဲ့ ပထမနေ့မှာ ကောင်လေးဟာ
ဝင်းထရံတိုင်မှာ သံပေါင်း ၃၇ချောင်းရိုက်သွင်းဖြစ်သွားတယ်။ အဲဒီလိုနဲ့
သူစိတ်တိုတိုင်း သံလေးတွေကို ၀င်းထရံမှာ ရိုက်ရင်းရိုက်ရင်း ကောင်လေးဟာ
သူစိတ်သူထိန်းနိုင်လာသတဲ့။ သံရိုက်ချက်တွေဟာလည်း တစ်နေ့ထက်တစ်နေ့ ကျဲလာခဲ့တယ်။
ဒီလိုနဲ့ကောင်လေးဟာ ၀င်းထရံမှာ သံပြေးရိုက်တာထက်စာရင် ဒေါသဖြစ်နေတဲ့စိတ်ကို
ထိန်းရတာပိုလွယ်လာမှန်း သဘောပေါက်လာတော့တယ်။